Sunday, April 28, 2013

ဆူရှီ ကိုယ်တိုင် လုပ်ပီး စားသောက်ချင်သူတွေအတွက် နည်းလမ်းလေးပါ

အပျော်တမ်းစားဖို့ ဆုရှီလိပ်မယ်ဆိုရင်တော့
(၁)ဝါးနဲ့ ယက်ထားတဲ့ ယင်းလိပ်
(၂)အနေတော် ချက်ထားတဲ့ ထမင်း
(၃)ဆုရှီလိတ်ဖို့ ဆီဝီလို့ခေါ်တဲ့ ရေညှိဖတ်
(၄)(အသုံးအများဆုံး)ဆုရှီထဲ ထည့်လိတ်မယ့် ခရက်မိ(Creab Meat)၊ ဆော်လမွန်ငါး၊ တူနာငါး၊ ငါးဥ၊ အသင့်ခြစ်ထားတဲ့ မုန်လာဥနီ (Carrot)၊ သခွားသီး၊ ထောပတ်သီးအမှည့်၊ ငါးရှဥ့်ကျတ်တိုက်၊ ကင်းမွန်၊ အသင့်လှော်ထားပြီးနှမ်း၊ ခရမ်ချိစ် (ကိုယ်နှစ်သက်ရာ)
(၅)ဆုရှီနဲ့ တွဲစားရတဲ့ ဂျင်း၊ ဝါဆာဘီ(wasabi )၊ နှင့် Soy Sauce ပဲငံပြာရည်
(၆) လိတ်ပြီးသား ဆုရှီဖြတ်ဖို့အတွက် အသွား အနည်းဆုံး (၈)လက်မလောက် ရှည်တဲ့ ဓါးတလက် လိုအပ်ပါတယ်။

ပထမဦးဆုံး ပြင်ဆင်မှုကတော့ ချက်ပြီးသားထမင်းပူပူကို ဆုရှီမှာသုံးတဲ့ Vinegar အနည်းငယ်နဲ့ သမအောင် မွှေပေးရတယ်။ ဒါမှ နူးညံ့ပြီးကောင်းမွန်တဲ့ ချဉ်ပြုံးနဲ့ အရသာရှိတဲ့ ဆုရှီကို ရရှိမှာ ဖြစ်ပါတယ်။ ထမင်းဖြူအစား Brown rice (လုံးတီးဆန်သို့မဟုတ် ) အသုံးပြုလည်း ရပါတယ်။ လုံးတီးဆန် ဆိုရင်တော့ Vinegar ရောစရာ မလိုပါဘူး။

ဒုတိယကတော့ ထမင်းလုံးတွေ လက်မှာ မကပ်အောင် ပလပ်စတစ်လက်စွပ်၊ ရေ သို့မဟုတ် ထောပတ်သီးနဲ့ လက်အိတ်ကို နည်းနည်းလေးသုတ်လိုက်ရင်တော့ လက်အိတ်မှာ ထမင်းလုံး မကပ်တော့ပါဘူး။ ဝါးနဲ့ ယက်ထားတဲ့ ယင်းလိပ်ကိုလည်း ပလပ်စတစ်နဲ့ လုံအောင်ပတ်၊ သခွားသီးနဲ့ ထောပတ်သီးကို ကို လက်သန်းလုံးလောက် အနေတော် လှီးပါ။ သခွားသီးကို အချောင်းလိုက် မသုံးချင်ရင်တော့ သဘောင်္ခြစ်နဲ့ ခြစ်လိုက်ရင်လည်း အဆင်ပြေပါတယ်။
(၁)ပထမဆုံး ယင်းလိပ်ပေါ်မှာ ဆီဝီကို အရင်ဆုံးခင်း။ ကြမ်းတဲ့ဖက်ကို အပေါ်ဘက်မှာထားပါ။
(၂)ထမင်းကြက်ဥနှစ်လုံးစာလောက်ကို ဆီဝီပေါ်မှာ လက်မနဲ့ လက်ညှိုးသုံးပြီး အသာလေး ပါးပါးလေးဖြန့်ပေးပါး နှမ်းဖြူး။ ပြီးရင် ထမင်းရှိတဲ့ဘက်ကို အောက်ကို လှန်ချလိုက်ပါ။
(၃)ထမင်းခရက်မိကို လက်ညှိုးတစ်ချောင်းစာအရွယ်လောက် ဆီဝီပေါ်ကို အရှည်လိုက် ဖြန့်ပေးပါ။ ထောပတ်သီးနဲ့ သခွားသီးကို ခရက်မိ ဘေးမှာ အသာလေး ကပ်ပေး။ ပြီးရင် ယင်းလိတ်သုံးပြီးတော့ အသာလေး ပုံမှာ ပြထားတဲ့အတိုင်း လိတ်လိုက်ပါ။ ဆုရှီတလိတ်ရပြီ ဆိုရင်တော့ ကိုယ်အဆင်ပြေသလို ဓါးနဲ့ ရှစ်ပိုင်း ဒါမှမဟုတ် ခြောက်ပိုင်းလောက် ဖြတ်ပြီး Soy sauce, ginger, wasabi နဲ့ အဆင်ပြေသလို သုံးဆောင်နိုင်ပါပြီ။
ဒါကတော့ ရိုးရိုးထမင်းနဲ့ လိတ်ထားတာပါ။
လုံးတီးဆန်နဲ့ လိတ်ထားတဲ့ ဆုရှီပါ။
သားသတ်လွတ်သမားတွေအတွက် Brown rice မုန်လာဥနီ၊ သခွားသီး၊ ထောပတ်သီးနဲ့ လိတ်ထားတဲ့ ဆုရှီပါ။

No comments:

Post a Comment

ဝေဖန်ဆွေးနွေးနိုင်ပါသည်။