Saturday, June 8, 2013

ကာယဗလလေ့ကျင့်မှုလွန်ကဲခြင်း လက္ခဏာများ

ကာယလေလေ့ကျင့် သူတိုင်း ကြောက်ကြ သည့် ဝေါဟာရတစ်ခုမှာ လေ့ကျင့်မှု့ လွန်ကဲခြင်း
overtraining ဖြစ်သည်။သို့ သော်လည်း တစ်ခါတစ်ရံ မိမိတို့ စိတ်ပန်း နေသည့်အခါတွင် မိမိကိုယ်ကိုမိမိ
လေ့ကျင့်မှု့ လွန်ကဲနေပြီဟု ယူဆပြီး ရက်ပေါင်းများစွာ ကာယဗလ လေ့ကျင့်ခန်းများ မပြုလုပ်ပဲ နေလိုက်
ကြသည်။ ဤသို့ ဖြစ်ခြင်းသည်ကစိတ်၏လှည့်စားမှု့ သို့ မဟုတ်အခြားသောအခြေအနေများကြောင့်ခေ
တ္တခဏသာဖြစ်သည်။သို့ သော်မိမိဘာဖြစ်သည်ကိုတိတိကျကျဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသောကြောင့်
မိမိကိုယ်ကိုလေ့ကျင့်မှုလွန်ကဲနေပြီဟုယူဆကာနားလိုက်ခြင်းကနစ်နာပေသည်။ထို့ ကြောင့်လေ့ကျင့်
မှုလွန်ကဲခြင်းလက္ခဏာများကို...........
Read More

Bruce Lee's Fighting Methods Ebook Download free

Bruce Lee’s Fighting Method စာအုပ်သည် Bruce Lee (ဘရုစ်လီ) တီထွင်ခဲ့သည့် Jeet Kune Do (ဂျီကွန်ဒို) ပညာရပ်ကို ရေးသားထားခြင်းဖြစ်သည်။ မူရင်း (original) စာအုပ် (Language – English) ဖြစ်သည်။
Bruce Lee’s Fighting Method
Bruce Lee’s Fighting Method
ဤစာအုပ်ကို ၁၉၆၆-ခုနှစ်တွင် Bruce Lee မှ ရေးသားခဲ့သည်။ သို့သော် ၎င်းစာအုပ်ကို အသုံးပြု၍ ကိုယ်ကျိုးရှာမည့် သိုင်းသင်တန်းကျောင်းများ၊ သင်တန်းနည်းပြဆရာများ ပေါ်ပေါက်လာခြင်းကို မလိုလားသဖြင့် ပုံနှိပ်စာအုပ်အဖြစ် မရောက်ရှိခဲ့ပါ။ ၁၉၇၈-ခုနှစ်၊ Bruce Lee ကွယ်လွန်ပြီးနောက် သူ၏ ဇနီးဖြစ်သူ Linda Lee Cadwell (မစ္စလင်ဒါလီ) မှ Bruce Lee ကွယ်လွန်ခြင်းနှင့်အတူ Bruce Lee ၏ တိုက်ခိုက်မှုနည်းစနစ်များ တိမ်မြုပ်သွားခြင်းမရှိစေရန် ရည်ရွယ်၍ ထုတ်ဝေဖြစ်ခဲ့သည်။
ဤစာအုပ်တွင် Bruce Lee ၏ ကွန်ဖူးပညာ အသုံးချပုံ၊ အတွေးအခေါ် ဒဿနများနှင့် အတူ လေ့ကျင့်နည်းစနစ်များကို အပြည့်အစုံ ထည့်သွင်း ဖော်ပြပေးထားသည်။ Bruce Lee’s Fighting Method စာအုပ်သည် လေးအုပ်တွဲ ဖြစ်ပါသည်။ စာအုပ်ရဲ့ Description ကတော့ အောက်မှာ......
Read More

ကျန်းမာရေးအတွက်လွယ်ကူသောယောဂလေ့ကျင့်ခန်းများ(စုသဲဖြူ)

ကျန်းမာရေးအတွက် လွယ်ကူသော ယောဂလေ့ကျင့်ခန်းများ (စုသဲဖြူ)
ကျန်းမာရေးအတွက် လွယ်ကူသော ယောဂလေ့ကျင့်ခန်းများ (စုသဲဖြူ)
Download (File Size – 920 KB)
Read More

အရပ်ပု၍စိတ်ညစ်နေသူများအတွက် အရပ်ရှည်နည်း စာအုပ်

               အရပ်ပု၍စိတ်ညစ်နေသော သူများအတွက် ၁၄-ရက်အတွင်း အရပ်ရှည်နည်း စာအုပ်လေး မျှဝေပေးလိုက်ပါတယ်..
    ကျနော်ဆက်နောင်လင်းဟန်ရဲ့ GreenLandService(GLS) ဆိုက်ရဲ့ အမှတ်တရနေ့တစ်နေ့ပါ ဒီနေ့ဟာဆိုရင်
ကျနော် မော်လမြိုင်က Weight Club တစ်ခုမှာ ဘော်ဒီBuilding စကစားတဲ့ နေ့လေးဖြစ်လို့ ကျနော်နဲ့ဝါသနာတူသူများ လေ့လာလိုသူများအတွက် အီးဘွတ်များကို အခမဲ့ရှာဖွေတင်ပေးထားပါတယ်
စိတ်ကျေနပ်ကြမယ်လို့ထင်ပါတယ်...
Growing Taller within 14 Days
၁၄-ရက်အတွင်း အရပ်ရှည်နည်း (ထိပ်တင်ထွဋ်)
Download (File Size – 4.19 MB)
Read More

အကောင်းဆုံးကာယဗလလေ့ကျင့်စဉ်(၇)မျိုး

ဤသည်မှာ FLEX မဂ္ဂဇင်းတွင် ဖော်ပြရေးသားခဲ့ဖူးသော အကောင်းဆုံး Workout များထဲမှ အကောင်းဆုံးတွေကို စုစည်းထားပေးခြင်းဖြစ်သည်။ Flex သည် ကမ္ဘာ့နံပါတ်တစ် ကာယဗလမဂ္ဂဇင်းဖြစ်၍ ၎င်းတို့ စုစည်းထားသည်တို့သည် ဆိုးဆိုးရွားရွား မမှားနိုင်။
ကျွန်တော်တို့သည် ကာယဗလ၏ အကြီးကျယ်ဆုံးနှင့် အထွန်းတောက်ဆုံး ကြယ်ပွင့်များ၏ လေ့ကျင့်ချိန်များကို ဖော်ပြဖို့ရန် ဆွေးနွေးတိုင်ပင်ကာ ကြိုးစားခဲ့သည်။ ထိုကြယ်ပွင့်များတွင် အာနိုး ရွှာဇီနက်ဂါး၊ လူဖာရစ်နို၊ ခရစ်ဒစ်ကာဆန်၊ တွမ်ပလပ်ဇ်၊ ဆန်မီး ဘန်နူး၊ လီဟေနီ၊ ရစ်ခ်ျ ဂတ်စ်ပါရီ၊ ဒိုရီယံ ရိတ်စ်၊ ဖလပ်စ် ၀ှီးလား၊ ခရစ် ကော်မီရာ၊ ရှောင်ရေး၊ မိုက် မာတာရာဇို၊ ကီဗင် လပ်ဗရွန်း၊ ရော်နီ ကိုးလ်မင်း၊ ဂျေးကတ်တလာ၊ ဘရန့်ခ်ျ ၀ါရန်နှင့် ဖီးလ် ဟိသ် စသည်ဖြင့်။ သူတို့၏ ရက်စက်ကြမ်းကျူတ်လှသော အော်ဂလီဆန်စရာ လေ့ကျင့်ချိန်များကို မွှေနှောက်ရှာဖွေကာ လိုက်စားသူများအတွက် ကြိုးစားကြည့်ရန်၊ မှီငြမ်းကြည့်ရန်၊ ကိုယ့်လေ့ကျင့်ချိန်များအတွင်း ထည့်သွင်းသုံးစွဲကြည့်ရန် မွှေနှောက်ရှာဖွေထားပါသည်။ ၎င်းတို့အားလုံးကို ကျွန်တော်တို့ ဖော်ပြချင်ပါသည်။ သို့သော် အလွန်ရှည်လျားပြီး ရှုပ်ထွေးသွားမှာ မလွဲမသွေပင်။ ထို့ပြင် ကိုယ်စီကိုယ်စီ ကိုယ်ကြိုက်သော ကစားသမား၏နည်းတွေ သိမ်းစည်းထားပြီးသား ဖြစ်မှာလည်း အမှန်ပင်။
စာဖတ်သူများ တစ်နေရာရာတွင် လွတ်နေလိမ့်မည်ဟု ယူဆမိ၍ ကျွန်တော်တို့သည် Flex မဂ္ဂဇင်း စထုတ်ဝေကတည်းက ရှိသမျှ လေ့ကျင့်နည်း ဆောင်းပါးတွေထဲမှ အကောင်းဆုံး တချို့ကို စုစည်းထားလိုက်ပါသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းကြီးတစ်ခုစီအတွက် – ရင်အုပ်၊ နောက်ကျော၊ ဆုံ၊ လက်မောင်းရှေ့သား၊ လက်မောင်းနောက်သား၊ ပေါင်၊ ခြေသလုံး စသည်ဖြင့် – တစ်ခုစီအတွက် အကောင်းဆုံးလေ့ကျင့်စဉ် တစ်ခုစီကို ရွေးချယ်ထားသည်။ ထိုလေ့ကျင့်စဉ်များကို ကစားခြင်းသည် သင့်မျက်ခုံးပေါ်မှ ချွေးများကို ခါချစေနိုင်သည်အထိ အာမခံပေးနိုင်သလို၊.....
Read More

ကာယသမားများအတွက် အဖော်မွန်Supplement ဆေးဝါးများ

မသိသူကျော်သွား သိသူဖော်စားပါ...စာအုပ်များကိုပြန်လည်ဝေငှခြင်းဖြစ်ပါသည် တိုက်ရိုက်ကူညီထားကြောင်းဝန်ခံပါတည်...သက်ဆိုင်သူများကို credit ပေးပါသည်..
သည်စာအုပ်ကို download ဆွဲပြီး ဖတ်နိုင်ပါပြီ။
- Adobe Reader 4.0 or above နှင့်
- zawgyi font တို့ လိုအပ်သည်။
သည်စာအုပ်သည် ရှိရှိသမျှ supplement ဆေးများ၏ ပါဝင်ဖွဲ့စည်းထားပုံ၊ ဖြစ်ပေါ်လာပုံ၊ အကျိုးရှိပုံတို့နှင့် ဘယ်လို သုံးစွဲရမလဲဆိုသည်တို့ကို အသေးစိတ်ရှင်းလင်းထားသည်။ သို့သော် ၎င်းတို့သည် ဆေးများကိုသာ ဖော်ပြထားခြင်းဖြစ်သည်။ ကုမ္ပဏီ အမှတ်တံဆိပ်များမဟုတ်။ ထိုတံဆိပ်များကို ဖော်ပြနေရလျှင် ဆုံးမည်မထင်။ ဥပမာ – Mega mass တို့၊ Creatamax တို့ကို တွေ့ရမည်မဟုတ်။ ၎င်းတို့ထဲတွင် ပါရှိသော creatine, arginine စသည်ဖြင့် aminoacids အကြောင်းများကိုသာ တွေ့ရပေမည်။

မိမိတို့ လိုချင်သော ဆေး၏ Link URL နှင့်တကွ အောက်ပါ တို့ဆီသို့ ဆက်သွယ်နိုင်သည်။ admin@myanmarfitness.com
myanmarfitness@gmail.com

အောက်ပါတို့သည် supplement ရှာဖွေနိုင်သော site အချို့ဖြစ်သည်။
www.affordablesupplements.co.uk
www.tropicanafitness.com
www.monstersupplements.com
www.garnellnutrition.com
www.usn.co.uk
www.phd-supplements.com
www.hardmagnum.co.uk
www.myprotein.co.uk
www.extremenutrition.co.uk
www.lamuscle.com
www.trionutrition.com
www.bsnonlineuk.com
www.sci-mx.co.uk
www.allstars-uk.com
www.allmaxnutrition.co.uk
www.flexonline.co.uk
www.universalUSA.com
www.muscleform.co.uk
www.multipoweruk.com
www.maximuscle.com
www.bodybuilding.com
www.gaspari.co.uk
www.aefx.com
www.mri-performance.co.uk
www.metrx.co.uk
www.predatornutrition.com
www.astss.co.uk
www.dymatize-uk.com
www.bodypower.co.uk
www.prolab.co.uk
www.muscle-fitness.co.uk
www.cnpprofessional.co.uk
Read More

အကောင်းဆုံးသောအဟာရလမ်းညွန်ချက်များ

ကျွန်တော်တို့ အားထားရသော ကိုနိုင်ဦး(119) ၏ နောက်ထပ် လှပသော လက်ရာတစ်ခုဖြစ်ပေသည်။ ဤebook လေးသည် ကိုယ်ကာယ လေ့ကျင့် လိုက်စားသူတိုင်း အတွက် မရှိမဖြစ်လိုအပ်သော အာဟာရလမ်းညွှန်ချက်များနှင့် ပြီးပြည့်စုံနေသည်။ တကယ်တော့ အကောင်းဆုံးသော အကြံဥာဏ်များသည် အလကားရနိုင်သည်။ သို့သော် သိသူ ဖော်စား၊ မသိသူကျော်သွားမည်သာဖြစ်သည်။
ကျေးဇူးပါ ကိုနိုင်ဦး(119)
Read More

ရှောင်လင်သိုင်းပညာလျှို့ဝှက်ကျင့်စဉ်(၇၂)ပါး အီးဘွတ်

ရှောင်လင်ကျောင်းတော်ရာမှ လျှို့ဝှက်ကျင့်စဉ် (၇၂) ပါး စာအုပ်လေးဖြစ်ပါတယ်။ တရုတ်ကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတာပါ။
Training Methods of 72 Arts of Shaolin
Training Methods of 72 Arts of Shaolin
ရှောင်လင်သိုင်းဆိုတာကတော့ အားလုံးသိတဲ့ ဒဏ္ဍာရီအတိုင်းပဲ -၅-ရာစုလောက်မှာ အိန္ဒိယပြည်ကနေ တရုတ်ပြည်ကို သာသနာပြု ရောက်ရှိလာခဲ့တဲ့ ဗောဒိဓမ္မ (Bodhidharma) ဆိုတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကနေ အစပြုခဲ့တာပါ။
ဘုန်းတော်ကြီး ဗောဓိဓမ္မဟာ ရှောင်လင်ကျောင်းတော်ကို ရောက်ရှိလာခဲ့ပြီးနောက် ဘယ်သူနဲ့မှ စကားမပြောပဲ ကိုးနှစ်တိတိ နံရံကို မျက်နှာမူပြီး တရားကျင့်ခဲ့တယ်လို့ ပြောကြပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဘုန်းတော်ကြီးက ရဟန်းတွေ ကိုယ်ခန္ဓာလေးလံမှု၊ ထိုင်းမှိုင်းမှုတွေ မဖြစ်အောင်၊ ကိုယ်ခန္ဓာ ကြံခိုင်အောင်၊ သဘာဝဘေး အန္တရာယ်တွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခန်းတွေ တီထွင်ပြီး ကစားစေခဲ့တယ်။ နောက်ပိုင်း အဲ့ဒီလေ့ကျင့်ခန်းတွေကို ပြင်ဆင်မှု၊ ဖြည့်စွက်မှုတွေ လုပ်ရင်း နှစ်ပေါင်းများစွာကြာတော့ ရှောင်လင်သိုင်း ဆိုပြီး ဖြစ်လာခဲ့တာပေါ့။
ဒီ Training Methods of 72 Arts of Shaolin ဆိုတဲ့စာအုပ်ထဲမှာ ရှောင်လင်ကျောင်းတော်ရာမှ လျှို့ဝှက်ကျင့်စဉ် (၇၂) ပါး လေ့ကျင့်နည်းတွေကို စုံလင်စွာဖော်ပြထားပါတယ်။ Iron Head (သံမဏိ ခေါင်း) ၊ Iron Shirt (သံမဏိ ကိုယ်ခံပညာ) ၊ Lizard Climbs the Wall (တောက်တဲ့ တွယ်ကပ်ပညာ) ၊ Fist Like a Bullet (လျှပ်တပြက်လက်သီး) ၊ Skills of Light Body (ကိုယ်ဖော့ပညာ) စသည်ဖြင့် စိတ်ဝင်စားဖွယ်ရာ လေ့ကျင့်နည်း (၇၂) ပါး ပါဝင်ပါတယ်။
နောက်ပြီး ဒီစာအုပ်ထဲမှာ မြန်မာ့သိုင်းကျင့်စဉ်တွေနဲ့ ဆင်ဆင်တူတဲ့ နည်းစနစ်တွေ ပါနေတာလည်း တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပါပဲ။ နောက်ပြီး Training Methods of 72 Arts of Shaolin ထဲမှာပါတဲ့ အချို့နည်းစနစ်တွေဟာ တစ်ကယ်သာ လေ့ကျင့်မယ်ဆိုရင် ပတ်ဝန်ကျင်က ကိုယ့်ကို အရူးလို့အပြောခံရမယ့် အကွက်တွေ ဖြစ်နေတာကိုလည်း တွေ့ရမှာပါ။ ဒါကြောင့် အဲ့လို အကွက်တွေကို ကျင့်မယ်ဆိုရင်တော့ ရှောင်လင်ကျောင်းမှာပဲ သွားကျင့်ကြပါလို့ ကြိုတင်တိုက်တွန်း လိုပါတယ်။ နောက်တာနော်… အတည်မှတ် မနေကြနဲ့ဦး။
Training Methods of 72 Arts of Shaolin စာအုပ်ကို Download ရယူလိုတယ်ဆိုရင်တော့ ဒီမှာ ပါ။
နောက်တစ်ခုက ဒီစာအုပ်ထဲက ကျင့်စဉ်တွေလေ့ကျင့်ပုံတွေကို movie အနေနဲ့ ကြည့်ချင်တယ် ဆိုရင် ရှောင်လင်သိုင်းကျင့်စဉ်မှတ်တမ်းဗီဒီယို ကို ကြည့်နိုင်ပါအောင် တင်ပေးထားပါတယ်။ ဒီမှာ ပါ။
Read More

ရုပ်ပြကာယဗလတည်ဆောက်မှုလေ့ကျင့်ခန်း(BodyBuildingMyanmar)

ကျွန်တော့်၏ အကောင်းဆုံးသော ကာယဗလသီအိုရီများ စာအုပ်ထွက်ရှိလာပြီးနောက်တွင်ရော၊ ထိုစာ အုပ်မထွက်ရှိမှီကပင် ကျွန်တော်ရော၊ ကိုအောင်အောင်ပါလေ့ ကျင့်နည်းများ တင်ပြခဲ့ရာတွင် မင်ဘာအ များစုကကော မင့်ရေးပြီး တစ်မျိုး ၊မေလ်းဖြင့်တစ်ဖုံလေ့ ကျင့်ခန်းများကို သရုပ်ပြပုံများနှင့် တင်ဆက်ပေးရန် တောင်းဆိုလာကြသည်။ ကျွန်တော့်အနေဖြင့် ထိုလိုအပ်ချက်ကိုဖြည့် စည်းပေးလိုသည့် ဆန္ဒမှာ တဖွားဖွား ပေါ်ပေါက် နေသော်လည်း အခြေအနေမပေးသောကြောင့် အချိန် အတော်ကြာသည် အထိ မလုပ်ဖြစ်ခဲ့ပေ။ မေးမြန်းသူများ သည်ထက်များ လာသောကြောင့် ကျွန်တော်သည် ဤစာအုပ်ငယ်များကို တင်ဆက်လိုက် ခြင်းဖြစ်ပါသည်။ ဤစာအုပ်၏ ထူးခြားချက်မှာ ကျွန်တော်တို့ ဆိုက်တွင် တင်သမျှသော စာအုပ်များသည် မြန်မာဘာသာဖြင့်သာ တင်ဆက်ခြင်း ဖြစ်သော်လည်း ယခုအခါတွင် အင်္ဂလိပ် ဘာသာဖြင့် မူရင်း အတိုင်း တင်ဆက် ပေးလိုက်ပါသည်။ အရိုးသားဆုံး ၀န်ခံရပါလျင် ကျွန်တော့်တွင် မြန်မာဘာသာပြန်ရန် အချိန်အင် မတန် နည်းပါးသောကြောင့် ဖြစ်သည်။ နောက်တစ်ခုက အချို့ သော  လေ့ကျင့်ခန်းများ၏ အမည်များကို မြန်မာဘာသာသို့  ပြန်ဆိုလျင် အဓိပါယ်တစ်မျိုး သက်ရောက်နေပြီး မူရင်း အတိုင်းဆိုလျင် အင်မတန် ခေါ်ရလွယ်ကူသည့် အပြင်နောင်ကို ကျွန်တော်တို့ အနေနှင့် လေ့ကျင့်နည်း ဆောင်းပါးများရေးသား လျင်လည်း မူရင်း အင်္ဂလိပ်လိုသာ သုံးနှုံးပါက ပိုမိုမြန်ဆန်ထိရောက်မည်ဟု ထင်သည်ကြောင့်လည်း ကောင်း၊ ဖတ်ရှုလေ့လာသူ မင်ဘာများအနေနှင့်လည်း ကာယဗလ၏ ဝေါဟာရများကို တိတိကျကျအ လွယ်တကူ သိနိုင်မည်ဖြစ်ကာ နိုင်ငံခြားရောက် မြန်မာကစားသမားများ အနေနှင့်လည်း မည်သည့်နိုင်ငံ တွင်လေ့ကျင့်သည် ဖြစ်စေပြောဆို သုံးနှုံးနိုင်စေရန် ဗဟုသုတ အဖြစ်မူရင်း အတိုင်း တင်ဆက်ပေးလိုက် ရခြင်း ဖြစ်ပါသည်။
#Download ရန် အပိုင်းသုံးပိုင်း ခွဲထားပါသည်။#

DOWNLOAD PART 1

DOWNLOAD PART 2

DOWNLOAD PART 3

တင်ဆက်သူ—
Creditz to :   နိုင်ဦး—119 <MyanmarFitness>                           Reshare By GLS(ယောစု)
Read More

ကာယဗလ စတင်လေ့ကျင်တော့မယ်ဆိုလျှင် (အီးဘွတ်)

တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
ပရိတ်သတ်များခင်ဗျား ဒီစာအုပ်လေးကတော့ ကျွန်တော့်ရဲ့ နောက်ထပ် ကြိုးစားမှု့ လေးတစ်ခုပါ
ပဲ။ ဒီစာအုပ်လေးက ပမာဏအားဖြင့် သေးငယ်သော်ငြားလည်း မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတစ်
ကာရှိ မြန်မာစာတတ်သော ကာယဗလစတင် လေ့ကျင့်မည့် မျိုးဆက်သစ် လူငယ်များနှင့် စနစ်တ
ကျ မိမိတို့ ၏ သင်တန်းများတွင် ပို့ ချလိုသော နည်းပြများအတွက်ကား အနှိုင်းမဲ့ အကျိုးပြုမည့်စာ
အုပ်တစ်အုပ် ဖြစ်မည်ဟု အပြည့်အ၀ အာမခံပါသည်။ ဤစာအုပ်လေးသည် ခေတ်နှင့်အညီ တိုး
တက် ပြောင်းလဲနေသော ကမ္ဘာ့ကာယဗလ လောကကို ရင်ပေါင်တန်းနိုင်ရန်အတွက် ကြိုးပမ်းရာ
တွင် မြန်မာကာယဗလ သမားများအတွက် အုတ်တစ်ချပ်၊သဲတစ်ပွင့်ဖြစ်မည်ဟု မျှော်လင့်မိပါ
သည်။့
Read More

မွေထိုင်းလက်ဝှေ့(ကွန်ဖူးစိုးမြင့်)အခမဲ့အီးဘွတ်

ထိုင်း လက်ဝှေ့ (ကွန်ဖူးစိုးမြင့်)
ထိုင်း လက်ဝှေ့
ထိုင်းလူမျိုးတို့ရဲ့ ကိုယ်ခံပညာ Muay Thai “မွေထိုင်း” အကြောင်း စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ထိုင်းလက်ဝှေ့ရဲ့ ခြေရွှေ့နည်း၊ လက်သီးထိုးနည်း၊ တံတောင်တိုက်နည်း၊ ခြေကန်နည်း၊ ဒူးတိုက်နည်း စသည်ဖြင့် စုံစုံလင်လင်ပါဝင်ပါတယ်။ လက်ဝှေ့ပညာကို စိတ်ဝင်စားသူတွေ အတွက်တော့ ရတနာသိုက်တစ်ခုဖြစ်ပါတယ်။ လေ့လာကြည့်ကြပါ။ Creditz to: ThaingWizard
ဒီနေရာ မှာDownload ရယူနိုင်ပါတယ်။
Read More

လျှို့ဝှက်သော ဗန်တို၊ဗန်ရှည်နည်းများ(သိုင်းဦးချစ်သန်း)

Secret Techniques of Bando and Banshay
လျှို့ဝှက်သော ဗန်တို၊ ဗန်ရှည် နည်းများ (သိုင်းဦးချစ်သန်း)
မြန်မာတို့၏ ရှေးဟောင်းကာကွယ်တိုက်ခိုက်မှု စစ်ပညာ ဖြစ်ရုံသာမက ရိုးရာအားကစား ပညာလည်းဖြစ်သော ဗန်တို၊ ဗန်ရှည် အတတ်သည် တာဝန်သိသော သိုင်းပညာရှင်များ၏ လက်ဆင့်ကမ်း ထိန်းသိမ်းမှုကြောင့် ယနေ့ခေတ် နှောင်းလူများ တွေ့ရှိသိမှတ် သင်ကြားနိုင်ကြခြင်းဖြစ်ပါသည်။ ပညာကို အားပြတ်အောင် မပြုနှင့် ဟူသော ဆိုရိုးအတိုင်း ကျွန်ုပ်တို့၏ ဆရာ့ ဆရာများ၏ တာဝန်ကျေမှုများကြောင့် ဤပညာများကို ကျွန်ုပ်တို့ သင်ကြားခွင့် ရနိုင်ခြင်း ဖြစ်ပါသည်။ ပညာတစ်ခုကို ငါမှလွဲ၍ ငါ့သားသမီး၊ ငါ့တပည့်ရင်းမှလွဲ၍ မည်သူမှ မတတ်ရ၊ မသိစေရ၊ မမြင်စေရ ဟူသော အယူအဆသည် များစွာ ကျဉ်းမြောင်းလှပေသည်။ မိမိချစ်မြတ်နိုးသော ပညာရပ်တစ်ခုကို မိမိဘာသာ အားပြတ်အောင် ပြုသည်နှင့် တူပေသည်။
တစ်ချို့က ဤကဲ့သို့ စာအုပ်မျိုး ရေးသားထုတ်ဝေခြင်းကြောင့် ဆရာကြီးအား အပြစ်တင်လိုကြသည်။  အမှန်မှာ မည်သည့်ပညာမဆို မထိုက်တန်သူများ၏ လက်တွင်းသို့ အလွယ်တကူ မရောက်ရှိနိုင်ပါ။ ရောက်ရှိခဲ့လျှင်လည်း အပြည့်အစုံမဟုတ်ဘဲ အပိုင်းအစမျှသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် လူဆိုး၊ သူခိုးတို့သည်  ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိသူများမဟုတ်သဖြင့် ခိုးဆိုးနေကြခြင်း ဖြစ်ပါသည်။ ဗန်တို၊ ဗန်ရှည်ပညာကို ငွေကြေးတစ်ခုတည်း ပေးနိုင်ရုံမျှဖြင့် တတ်မြောက်မည် မဟုတ်ပါ။ ထိုက်တန်သော အချိန်၊ ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ သည်းခံမှုများနှင့် အစဉ်တစိုက် လေ့ကျင့်ပေးနိုင်မှသာ အမှန်တကယ် တတ်မြောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ယခုစာအုပ်ကို ဆရာကြီးမှ ရဲရဲကြီး ရေးသားထုတ်ဝေပေးခဲ့ခြင်း ဖြစ်ပါသည်။
ဤစာအုပ်တွင် ဗန်တိုနည်းပေါင်း ၁၂၀၊ ဗန်ရှည်နည်းပေါင်း ၁၄-နည်း တို့ကို ရုပ်ပုံပေါင်း ၁၆၄-ပုံဖြင့် ဝေေ၀ဆာဆာ တင်ပြပေးထားသည်။ အကျယ်ဆိုရလျှင် ဤစာအုပ်တွင် ဗန်တို၊ ဗန်ရှည်ပညာ လိုက်စားသူတို့အတွက် ရန်သူနှင့် ရင်ဆိုင်ရာတွင် အမှန်အကန် အသုံးဝင်မည့် နည်းကောင်း (၁၆)နည်းကို ဖော်ပြပေးထားသည်။ ဤစာအုပ်တွင် လူ့ခန္ဓာကိုယ်တွင်ရှိသော အားနည်းသော အင်္ဂါအစိတ်အပိုင်းများ၊ အားရှိသော ခန္ဓာလက်နက်များကိုလည်း ဖော်ပြပေးထား သည်။ ထို့ပြင် ဗန်တိုပညာအနေဖြင့် ခန္ဓာလက်နက်များဖြစ်သော လက်ဝါးစောင်း၊ လက်ဖနောင့်၊ တံတောင်၊ ဒူး၊ ခြေဖနောင့်၊ ခြေ၀ါးစောင်း၊ ခေါင်း၊ လက်သီး၊ လက်စောင်းတို့ အသုံးပြုနည်းများကို အကျယ်ရှင်းပြထားသည်။
ဗန်ရှည်ပညာရပ်အနေဖြင့်လည်း လက်အဖြောင့်ထိုးခြင်း၊ ဓားရိုးဖြင့် တိုက်ခိုက်ခြင်း၊ မိုးခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ ပိုင်းခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊ တွတ်ခုတ်ကို တန်ပြန်တိုက်ခိုက်ခြင်း၊  လက်နက်အကျချနည်း၊ တက်ရှောင်ပြီး လက်နက်အကျချနည်း၊ တက်ရှောင်၍ အောက်စီးမှတိုက်ခြင်း စသည်ဖြင့် အမှန်တစ်ကယ် အသုံးဝင်မည့် နည်းစနစ်များကို ဖော်ပြပေးထားသည်။
ထိုမျှမကသေး အမျိုးသမီးများအတွက် အထူးအလေးပေးကာ အမျိုးသမီးကဏ္ဍကိုလည်း ထည့်သွင်းပေးထားသေးသည်။ အမျိုးသမီးကဏ္ဍတွင် လက်ဝါးစောင်း သုံးနည်း၊ လက်ဖနောင့်ဖြင့် ခုခံနည်း၊ တံတောင်ဖြင့် တိုက်နည်း၊ ခြေဖ၀ါး ဖနောင့်ဖြင့် ခုခံတိုက်ခိုက်နည်း၊ လက်စောင်းဖြင့် ခုခံနည်း၊ လက်မဖြင့် ခုခံနည်း စသည်ဖြင့် စုံလင်လှသည်။
လက်တွေလေ့လာ လေ့ကျင့်လိုသူတွေအတွက်ဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ ဖတ်ရှုလိုသူတွေ အတွက်ဖြစ်ဖြစ် အမှန်အကန် စိတ်ကျေနပ်မှုပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီမှာ ကူးယူရရှိနိုင်ပါပြီ။
 Creditz to: ThaingWizard
Read More