Saturday, June 8, 2013

ကာယဗလလေ့ကျင့်မှုလွန်ကဲခြင်း လက္ခဏာများ

ကာယလေလေ့ကျင့် သူတိုင်း ကြောက်ကြ သည့် ဝေါဟာရတစ်ခုမှာ လေ့ကျင့်မှု့ လွန်ကဲခြင်း
overtraining ဖြစ်သည်။သို့ သော်လည်း တစ်ခါတစ်ရံ မိမိတို့ စိတ်ပန်း နေသည့်အခါတွင် မိမိကိုယ်ကိုမိမိ
လေ့ကျင့်မှု့ လွန်ကဲနေပြီဟု ယူဆပြီး ရက်ပေါင်းများစွာ ကာယဗလ လေ့ကျင့်ခန်းများ မပြုလုပ်ပဲ နေလိုက်
ကြသည်။ ဤသို့ ဖြစ်ခြင်းသည်ကစိတ်၏လှည့်စားမှု့ သို့ မဟုတ်အခြားသောအခြေအနေများကြောင့်ခေ
တ္တခဏသာဖြစ်သည်။သို့ သော်မိမိဘာဖြစ်သည်ကိုတိတိကျကျဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသောကြောင့်
မိမိကိုယ်ကိုလေ့ကျင့်မှုလွန်ကဲနေပြီဟုယူဆကာနားလိုက်ခြင်းကနစ်နာပေသည်။ထို့ ကြောင့်လေ့ကျင့်
မှုလွန်ကဲခြင်းလက္ခဏာများကို...........
ဒေါက်တာGabe Mirkin ရေးသားထားသော The Sportsmedicine
Book မှထုတ်နှုတ်တင်ပြပေးလိုက်ပါသည်။
Over-training ၏လက္ခဏာများမှာ—
—ကြွက်သားများ၊အရိုးအဆစ်များနှင့်အရွတ်များမှာတောင့်တင်းပြီးနာကျင်ကိုက်ခဲမှုကြာရှည်နေခြင်း
—လေ့ကျင့်မှုတွင်စိတ်ပါဝင်စားမှုနည်းပါးလာခြင်း
—စိတ်ကျဝေဒနာကဲ့သို့ ခံစားလာရခြင်း
—အာရုံကြောစနစ်များအနားမရခြင်း၊အပန်းမပြေနိုင်ခြင်း
—စာသင်ခန်းနှင့်အလုပ်ခွင်တွင်စွမ်းဆောင်ရည်ကျဆင်းလာခြင်း
—ခေါင်းကိုက်ခြင်း
—အစားစားလိုစိတ်ကုန်ခမ်းခြင်း(ခံတွင်းပျက်ခြင်း)
—နှေးကွေးလေးလံခြင်းနှင့်မောပမ်းလွယ်ခြင်း
—ကိုယ်အလေးချိန်ကျလာခြင်း
—ပေါင်ခြံ၊လည်ပင်း၊လက်မောင်းတို့ တွင်အရည်ကြည်အိတ်များထွက်ပြီးရောင်ရမ်းလာခြင်း
—၀မ်းချုပ်ခြင်းသို့ မဟုတ်ဝမ်းလျောခြင်း
—အမျိုးသမီးများတွင်ဓမ္မတာမမှန်ခြင်း၊
***ဒေါက်တာMirkin ကနောက်ထပ်လေ့ကျင့်မှုကိုတိုင်းတာရမည့်နည်းလမ်းတစ်ခုကိုတင်ပြပေးထား
သည်။သင်နံနက်အိပ်ရာထလျင်ထခြင်းသင့်သွေးခုန်နှုန်းကိုစက္ကန့် ခြောက်ဆယ်အကြာတိုင်းတာကြည့်
ပါ။အကယ်၍သင့်သွေးခုန်နှုန်းကပုံမှန်သွေးခုန်နှုန်းထက်တစ်မိနစ်ကိုခုနှစ်ကြိမ်လောက်ပိုနေပါကသင်
ရက်အနည်းငယ်နားသင့်ပါသည်ဟုဆိုထားပါသည်။
—ဆရာကြီးမိုက်ခ်မင်ဇာကတော့သူ့ တပည့်များကိုကြွက်သားများကိုပိုမိုလှုံဆော်နိုင်သည်မှာထိုကြွက်
သားများပိုမိုအားပြည့်မှဖြစ်နိုင်သည်ဟုယူဆကာနားရက်များများပေးတတ်သည်။ထိုကဲ့သို့ ကစားရက်
နားရက်များနှင့်မိမိ၏စွမ်းဆောင်ရည်တိုးတက်မှုရှိမရှိသိလိုပါကအကောင်းဆုံးနည်းမှာလေ့ကျင့်ရေး
ဒိုင်ယာရီများထားသင့်ပါသည်။မိမိစွမ်းဆောင်ရည်ကျမကျသိလိုပါကယခင်လေ့ကျင့်ချိန်ကသင်ရှစ်
ကြိမ်လေ့ကျင့်နိုင်ခဲ့သောအလေးကိုယခုကစားချိန်တွင်ခုနှစ်ကြိမ်တောင်မနည်းလေ့ကျင့်ရသည်ဆိုပါ
ကသင်လေ့ကျင့်မှုအနည်းငယ်လွန်နေပြီသို့ မဟုတ်ကြွက်သားများပြန်လည်အားပြည့်ရန်အာဟာရနှင့်
ကောင်းမွန်လုံလောက်သောအိပ်စက်အနားယူမှုတစ်ခုခုလိုနေပြီဆိုတာသိလိုက်ပါ။
ကာယဗလလေ့ကျင့်သူအားလုံးလေ့ကျင့်မှုလွန်ကဲခြင်းကိုသတိဖြင့်ကြဉ်ရှောင်နိုင်ပြီးအချိန်တိုင်းတွင်
မိမိတို့ ကြိုးစားသမျှအရာထင်ဖြစ်မြောက်ပါစေရန်ဆန္ဒပြုလိုက်ပါသည်။
Creditz to: Ko Naing Oo (119)

No comments:

Post a Comment

ဝေဖန်ဆွေးနွေးနိုင်ပါသည်။