Friday, April 19, 2013

အရှင်လတ်လတ် မီးရှို့ခံခဲ့ရတဲ့လူ

အောက်တိုဘာ ၁၄ ရက်နေ့က တရုတ်ပြည်နယ် ဟူနန် ပြည်နယ် Xiangtang မြို့မှာ အသက် ၆၀ အရွယ်ရှိ လူတစ်ယောက်ဟာ အရှင်လတ်လတ် မီးရှို့ခြင်း ခံခဲ့ရပါတယ်..။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ အသည်းနှလုံးကို စုတ်ဖြဲလိုက်သလိုကို ခံစားစေခဲ့ရပါတယ်..။ အခုတော့ အဆိုပါလူဟာ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရပြီး.. သေဆုံးဖို့အခြေအနေများနေပါပြီ…။ 

တရုတ်နိုင်ငံမှာ အဆောက်အဦဟောင်းတွေကို ဖြိုချဖျက်စီးပြီး နေရာပြန်လည်ပြောင်းရွှေ့ပေးခြင်း အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..၊ နောက်ဆုံးတော့ အဆိုပါ အဖွဲ့မှ ဖွဲ့စည်းထားတဲ့ မြေအောက် ဒုစရိုက်ဂိုဏ်းတစ်ခုမှ လူတစ်စုဟာ အသက် ၆၀ အရွယ်ရှိပြီးဖြစ်တဲ့ လူတစ်ဦး လူမဆန်စွာ ရိုက်နှက်ပြီး မီးရှို့ခဲ့ကြပါတယ်..။








No comments:

Post a Comment

ဝေဖန်ဆွေးနွေးနိုင်ပါသည်။